01 : Welcome

  • ကျနော့်ရဲ့ Basic Videography Online Course လေးကို လာ Jion ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအရမ်းတင်ပါတယ်လို့ အရင်ဆုံး ပြောပါရစေ
  • ဒီသင်တန်းလေးမှာ Videography နဲ့ ပါတ်သပ်ပြီး အခြေခံ သိသင့်သိထိုက်တာတွေ အားလုံးကို ပြောပြပေးသွားမှာပါ …
  • Video တစ်ခုကို ရိုက်ကူးတာကနေ စပြီး Final Editing အထိ တစ်ဆင့်ခြင်းဘယ်လို လုပ်ဆောင်သွားရမယ်ဆိုတာတွေကို ပြောပြပေးသွားမှာမို့ အခုမှ Video ကို စလေ့လာမယ့်သူတွေအတွက်လည်း အဆင်ပြေမှာပါ
  • Online က သင်တာဖြစ်ပေမယ့် ကျနော်နဲ့ သင်တန်းသား တစ်ဦးချင်း အနီးကပ် သင်ပြပေးတဲ့ ပုံမျိုးလေးဖြစ်အောင် ကျတော့်ရဲ့ သင်ခန်းစာတော်တော်များများကို ဘေးကနေ Third Person အနေနဲ့လိုက်ပါကြည့်ရှူ့ပြီး လေ့လာလို့ရအောင် လုပ်ပေးထားပါတယ် ​
  • သင်တန်းရဲ့ နောက်ဆုံးအပိုင်းမှာဆိုရင်လည်း Video တစ်ခုကို အစအဆုံး ကျနော်ကိုယ်တိုင် ရိုက်ပြပြီး Editing အထိ ဘယ်လို Edit လုပ်သွားသလဲ ဆိုတာအထိ ပြောပြပေးသွားမှာပါ
  • အဲဒီတော့ ဒီသင်တန်းလေးက ရိုက်ကူးနည်း Theory တွေကြည့် ရွတ်ပြ ပြောပြသွားတာ မဟုတ်ပဲ တကယ့်လက်တွေ့ပါ ရိုက်ပြ သင်ပြပေးသွားမှာမို့ မတတ်မှာတော့ မပူပါနဲ့…
  • ကိုယ့်ဘက်က စိတ်ဝင်တစားနဲ့ အချိန်ပေးပြီး စိတ်ရှည်လက်ရှည်နဲ့ လေ့လာဖို့ပဲ လိုပါတော့တယ်…

Leave a Reply

Your email address will not be published. Required fields are marked *

X